AdSense

အမျိုးသမီး ၀န်ထမ်းအလိုရှိသည်။ လုပ်ရမည့် တာဝန် နည်းပညာနှင့် ပတ်သတ်သော Devices များ ကိုရောင်းချရမည်။(in Mawlamyine)

AdSense
AdSense
Auction Mawlamyine Header

အမျိုးသမီး ၀န်ထမ်းအလိုရှိသည်။
လုပ်ရမည့် တာဝန်
နည်းပညာနှင့် ပတ်သတ်သော Devices များ ကိုရောင်းချရမည်။
CCTV ,FireAlarm, Network နှင့်ပတ်သတ်သောပစ္စည်းများ
Smart Phone များအပြင် အခြား IT Gedgets ဖြစ်သောကြောင့်
၎င်း Devices များနှင့် ပတ်သတ်သော Specification များကို
လေ့လာနိုင်ရမည်။ စာဖတ်နိုင်ရမည်။ Customer ကို သေချာ
ရှင်းပြနိုင်ရမည်။
နည်းပညာကို စိတ်ဝင်စားပြီး Computer အရှေ့တွင်
အလုပ်လုပ်နိုင်သူဖြစ်ရမည်။
ဖုန်းဖြင့် ရှင်းပြရသည်က များသောကြောင့် စိတ်ရှည်သည်းခံ
စကားပြော ချိုသာယဉ်ကျေးရမည်။
အလုပ် ချိန် နံနက် ၉ နာရီမှ ညနေ၅ နာရီ ထိ ။ ညနေ ရုံးဆင်းချိန်၅ နာရီ တိတိတွင် အိမ်ပြန်နိုင်သည်။
နံနက် ၉ နာရီတိတိ တွင်လည်း ရုံးသို့ ရောက်ရန်လိုသည်။
တစ်ပတ်တစ်ရက် နားရက်ခံစားခွင့်ရှိမည်။
နေ့လည်စာအား အလုပ်ရှင်ဘက်မှ ချက်ပြုတ်ထားသော ထမင်းဟင်း အား အဆင်ပြေလျှင်
စားနိုင်သည်။ ၀န်ထမ်း အကြိုက် ဟင်းများ မသိသောကြောင့်
ထမင်းကျွေးမည်ဟု တာဝန်ယူတာဝန်မခံထားခြင်းဖြစ်သည်။အဆင်ပြေရင် မိသားစုလိုစားနိုင်သည်။
ကျောင်းကိစ္စ ရှိသူများ Interview တွင်ထည့်သွင်းဆွေးနွှေးပါ။
ညှိုနှိုင်းဆောင်ရွှက်ပေးမည်။

လစာ –
Interview တွင် အလုပ်ရှင်ဘက်မှ Job Description ပြောပါမည်။
လျှောက်ထားသူသည် အလုပ်ရှင်ဘက်မှ ပေးအပ်သော JD များကို ထမ်းဆောင်နိုင်တယ်ပြီး သင်တန်းပေးစရာလို / မလို
ဆုံးဖြတ်နိုင်ပြီး မိမိ အရည်အချင်းနှင့် ကိုက်ညီသော လစာ တောင်းဆိုနိုင်သည်။
အလုပ်ရှင်ဘက်မှလည်း ညှိုနှိုင်းပေးနိုင်ရင် ပေးပါမည်။
အလုပ်ကိစ္စများဆက်သွယ်ဆောင်ရွက်ပြောဆိုမှုများအတွက် အလုပ်ရှင်ဘက်မှ ဖုန်းစီစဉ်ပေးမည် ၀န်ထမ်းဖုန်းအား သုံးစွဲရန် လိုအပ်မှု မရှိစေရ။

CV Or Resume များအား အောက်ဆုံးတွင် ရေးသားထာသော
ဖုန်း Viber Mail များမှ ပို့နိုင်ပြီး အလုပ်ရှင်မှ Interview Request
လုပ်ပါမည်။ လေးလေးစားစား Request လုပ်သည်ဖြစ်သောကြောင့်
လျှောက်ထားသူ Appointment ပေးနိုင်သည့် အချိန်ကို တိတိကျကျ
ပေးရန်လိုသည်။ Appointment ပျက်မည် မလာနိုင်ဘူးဆိုလျှင်
မချိန်းပါနဲ့ ။

အလုပ်တည်နေရာအား Goolge Map တွင် ကြည့်နိုင်သည်။

Google マップ

မော်လမြိုင် တက္ကသိုလ်မှ ၁၅ ကီလိုမီတာ ဝေးပါသည်။
ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် မောင်းရပါသည်။
ထိုအကွာအဝေးကို ဝေးသည်ဟု
ထင်သည်များ လာရောက်လျှောက်ထားရန်မလိုပါ။
ရန်ကုန် မြို့တွင် ထောက်ကြံ့ ၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ၊ ရွှေပြည်သာ
အစရှိသကဲ့သို့ နေရာများမှ ဆူးလေ ဘုရားအနီးရှိ အလုပ်များသို့
လိုင်းကား ၁နာရီခွဲ ခန့် စီးပြီး အလုပ်လုပ်နေကြရသူအများကြီးပါ ။
၁၅ ကီလိုမီတာ အဝေးက အလုပ်ကို သွားဖို့လာဖို့ စိန်ခေါ်မှုဖြစ်နေရင်
မဖြတ်ကျော်နိုင်ရင် လာရောက်လျှောက်ထားရန်မလို။

အခြား သိလိုသည်များကို
09259951889 ကိုဆက်သွယ်ပြီး ဖြစ်စေ
Viber မှ ဆက်သွယ်ပြီးဖြစ်စေ
ladsmileblackberry@gmail.com သို့လည်းကောင်း
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

Ad Job Mawlamyine
All job-အလုပ်အားလုံး
AdSense
Follow Job Mawlamyine
AdSense
Job Mawlamyine Information

コメント

タイトルとURLをコピーしました